MSI Professional Centre မှ ဖွင့်လှစ်မည့် Professional Web Creation Course(PWC) အဆင့်မြင့် Web ဖန်တီးမှုနည်းပညာ သင်တန်းသည် Website ဖန်တီးခြင်းနှင့် Web Design ရေးဆွဲခြင်းကို အခြေခံမှစ၍ ကိုယ်ပိုင် Website များရေးဆွဲဖန်တီးနိုင်သည့်အထိ နည်းပညာရပ်ဆိုင်ရာသဘောတရားနှင့် လက်တွေ့လုပ်ဆောင်ချက်များ ပေါင်းစပ်သင်ကြားမည့်သင်တန်းဖြစ်သည်။
ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းခွင်တွင် ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊ Graphic နှင့် Web Design ကိုစိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများ၊ ကွန်ပျူတာပညာရပ်ကို ၀ါသနာပါ၍ လေ့လာလိုက်စားနေသူများ၊ ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
သင်ကြားမည့်ဘာသာ အရေအတွက်- ၁၀ ဘာသာ (စာတွေ့ ၄ဘာသာ၊ လက်တွေ့ ၆ဘာသာ)
Paper 1 – Introduction to Internet & Web Technology
Paper 2 – Creating WebPages with HTML
Paper 3 – Designing Style with CSS and Dynamic Websites with JavaScript
Paper 4 – Web Design & Analysis
Paper 5 – Designing Web Graphic with Photoshop and Fireworks
Paper 6 – Web Layout and coding in Dreamweaver
Paper 7 – Creating Animation with Flash
Paper 8 – Understanding Networking & TCP/IP
Paper 9 – Data Handling with XML and Marketing Website
Paper 10 – Practical Web Design Project
သင်တန်းကာလ-
၁၄၀ နာရီ = ၇၀ ရက် = ၄လ ခွဲ (၁ပါတ်တွင် ၄ရက်)
စာမေးပွဲစစ်ဆေးမှုပုံစံ -
ဘာသာရပ်တစ်ခုပြီးတိုင်း End Test များ ဖြေ ဆိုရမည်ဖြစ်ပါသည်။
Assignment တင်သွင်းခြင်း -
လက်တွေ့ဘာသာရပ်များ အားလုံးအတွက် ကိုယ်ပိုင်ရေးသားသော Assignment များတင်သွင်းရမည်။ သင်တန်းပြီးဆုံးပါက Group Project တင်သွင်းရမည်။
အမှတ်ပေးမှုပုံစံ -
သင်တန်းတစ်ခုလုံးအတွက် Score Point 600 သတ်မှတ်ပါသည်။
Group Project =100 Points
End Test = 150 Points
Assignment= 150 Points
Attendance = 200 Points
Total Score= 600 Points
Pass Score= 400/600 Points
သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်း -
အမှတ်ပေးစနစ်များအားလုံးအတွက် Total Point 400 ရရှိမှသာလျင် သင်တန်းဆင်းလက်မှတ်ပေးအပ်ပါမည်။
သင်တန်းဆင်းလက်မှတ်ရရှိသောသင်တန်းသား သင်တန်းသူများ၏ ကိုယ်ရေးအကျဉ်း အမှတ်စာရင်းများ၊ Assignment များ၊ Project နှင့် Presentation များ စသည့် လုပ်ဆောင်ချက်များအားလုံးကို MSI Training Website, www.msitechtraining.com တွင်လွှင့်တင်ထားရှိ ပြီး job recommendation ပေးအပ်ပါမည်။
အသေးစိတ်အချက်အလက်များကို့ http://blog.msitechtraining.com တွင်ကြည့်နိုင်ပါသည်။
Sunday, May 31, 2009
အဆင့်မြင့် Web ဖန်တီးမှုနည်းပညာ သင်တန်း ဖွင့်လှစ်
Wednesday, April 23, 2008
ICDL Exam ၏စာမေးပွဲအချိန်စာရင်းကြေငြာ
MSI Technology Computer Centre မှ ၂၀၀၈ခုနှစ်၊ မေလတွင် စစ်ဆေးမည့် ICDL Exam နှင့် Assessment Test စာမေးပွဲများ၏ အချိန်စာရင်းကို အောက်ပါအတိုင်း ကြေငြာထားသည်။
Assessment စစ်ဆေးမည့် နေ့ရက် =၂၀၀၈ခုနှစ်၊ မေလ(၁၅) ရက် (ကြာသပတေးနေ့)
ICDL Exam စစ်ဆေးမည့် နေ့ရက် =၂၀၀၈ခုနှစ်၊ မေလ(၂၂) ရက် (ကြာသပတေးနေ့)
စာမေးပွဲစစ်ဆေးမည့် အချိန် = နံနက်(၈) နာရီမှ (၁၁) နာရီ အထိ
စာမေးပွဲစစ်ဆေးမည့် နေရာ = MSI Technology Computer Centre
စာမေးပွဲစစ်ဆေးမည့် ဘာသာရပ်များ = Module (1) , Module (2) , Module (3)
သက်ဆိုင်ရာသင်တန်းသူ/သင်တန်းသားများသည် သတ်မှတ်နေ့ရက်များမတိုင်မီ စစ်ဆေးမည့် Module များအနက် မိမိရွေးချယ်ထားသော Module များအားလုံးကို အပြီးသတ် သင်ယူလေ့လာပြီးဖြစ်ရပါမည်။
ဖြေဆိုသူအားလုံးသည် မိမိ၏ NRC Card နှင့်အတူ စာမေးပွဲမစတင်မီ ၃၀ မိနစ် ကြို၍ စာမေးပွဲစစ်ဆေးမည့် MSI Technology Computer Centre သို့ရောက်ရှိရမည် ဟုသိရပါသည်။
Sunday, March 30, 2008
iCafeMSI Happy ThinGyan 2008 !!!
!!! Information Centre (Pls Ask Me More About Promotion)
Friday, March 21, 2008
FlashFace နဲ့စိတ်ကူးမျက်နှာပုံဖော်ကြစို့
စမ်းကြည့်တုန်းက ကိုယ့်ပုံကိုယ်ဆွဲတာပါ
Thursday, March 20, 2008
သီချင်းခံစားမှု - Cry on My Shoulder
If the hero never comes to you
If you need someone you're feeling blue
If you're away from love and you're alone
If you call your friends and nobody's home
You can run away but you can't hide
Through a storm and through a lonely night
Then I show you there's a destiny
The best things in life, They're free
(But if you wanna cry. Cry on my shoulder
If you need someone who cares for you
If you're feeling sad your heart gets colder
Yes I show you what real love can do )
If your sky is grey oh let me know
There's a place in heaven where we'll go
If heaven is a million years away
Oh just call me and I make your day
When the nights are getting cold and blue
When the days are getting hard for you
I will always stay here by your side
I promise you I'll never hide
Repeat chorus
What real love can do. . .What love can do
What real love can do. . .What love can do
ဒီမှာDownload ယူပါ။
Wednesday, March 12, 2008
ICDL Big Promotion in Myanmar (From 1 March, 2008 to 20 April, 2008 )
Item-----------------------Nomal----------Special
-----------------------------------------------------
ထို့အပြင် ဧရာဝတီတိုင်းတွင် ICDL Test များကိုစတင် စစ်ဆေးနိုင်ခြင်း အထိမ်း အမှတ်အဖြစ် MSI Technology မှ သတ်မှတ်အရည်အချင်းပြည့်မီသူ ကျောင်းသား/သူ သုံးဦးကို Scholarship (ပညာရည်ထူးချွန်ဆု) အဖြစ် သင်တန်းကြေးနှင့် စာမေးပွဲကြေးများအား ပေးအပ်ချီးမြှင့် သွားမည် ဖြစ်သည်။
ICDL Scholarship Program နှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် MSI ၏သတင်း blog ဖြစ်သော http://msitechnews.blogspot.com သို့သွားရောက်ပါရန် လမ်းညွှန် အပ်ပါသည်။
Wednesday, February 27, 2008
ICDL Certificate များကိုပုသိမ်မြို့တွင်ဖြေဆိုရယူနိုင်ပါပြီ
၂၀၀၇ခုနှစ်ဆန်းမှစတင်၍ မြန်မာနိုင်ငံတွင် စတင်ခဲ့သော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ ကျွမ်းကျင်မှု အရည်အချင်းစစ် လက်မှတ် ICDL ကို ယခုအခါ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဖြေဆိုရယူနိုင်ပြီဖြစ်သည်။နိုင်ငံတွင်း ဒုတိယမြောက် ICDL Test များကို လက်ခံစစ်ဆေးပေးနိုင်သည့် Approved Test Centre ဖြစ်လာသော ပုသိမ်မြို့အခြေစိုက် MSI Technology သင်တန်းကျောင်း၌ ယခုနှစ် ဖေဖေါ်ဝါရီ လဆန်းပိုင်းမှ စတင်၍ ဖြေဆိုနိုင်တော့မည် ဖြစ်သည်။ ယခင်က Local Certificate သင်တန်းများကို ဖွင့်လှစ်နေရာမှ အမြင်ကျယ်ပြန့်လာသော လူငယ်များနှင့် အသိပညာခေတ်၏ တောင်းဆိုမှုကြောင့် လည်းကောင်း၊ ICDL Certificate များသည် လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာ ပညာရပ်များကို အမှန်တကယ် သတ်မှတ် စစ်ဆေးပေးနိုင်သည့် အတွက်ကြောင့်လည်းကောင်း၊ ယခုကဲ့သို့ ICDL ကို မိမိ၏ သင်တန်းကျောင်း၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း MSI Technology ကို တည်ထောင်သူ ဦးထွန်းလင်းက ပြောကြားပါသည်။
ICDL Licencee ဖြစ်သူ SpringBoard4Asia ၏ CEO Mr. Colin Glass ကလည်း အာဆီယံဒေသတွင်း အပါအ၀င် နိုင်ငံပေါင်း(၁၅၀)ကျော်တွင် အောင်မြင်တွင်ကျယ်စွာ လည်ပတ်နေသော ICDL သည် ယခုလို ပုသိမ်ဒေသတွင် စတင်နိုင်သဖြင့် များစွာ ဂုဏ်ယူမိပါကြောင်း၊ MSI Technology အနေဖြင့် Approved Test Centre တစ်ခုဖြစ်လာရန် မရှိမဖြစ်လိုအပ်သည့် စံနှုန်းစနစ်များနှင့် ကိုက်ညီမှုရှိသည့်အတွက်ကြောင့် ယခုလို Authorized ICDL Testing Centre အဖြစ် စတင်ဆောင်ရွက်သွားမည်ဟု ၀မ်းသာလှိုက်လဲစွာ တရားဝင် ကြေညာအပ်ပါကြောင်း မှတ်ချက်ပြုသည်။
စိတ်ဝင်စားသူများနှင့် ပုသိမ်ဒေသအတွင်းမှ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ရယူလိုသူများ အနေဖြင့် အသေးစိတ်သိရှိနိုင်ရန် http://msitechnews.blogspot.com သို့သွားရောက်ပါရန် လမ်းညွှန် အပ်ပါသည်။

